အာရှအကြီးဆုံးဗိုင်းရပ်စ်ဘဏ်လို့ ဆိုနေကြတဲ့ Wuhan’s Institute of Virology မှ ဗိုင်းရပ်စ်ဗီဇမျိုးကွဲ (၁၅၀၀)ကို သိမ်းဆည်းထားတဲ့ ရေခဲသေတ္တာရဲ့ Seal ကျိုးပေါက်နေကြောင်း ဓာတ်ပုံသက်သေတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တကယ်က ဒီဓာတ်ပုံတွေဟာ လွန်ခဲ့တဲ့ (၂၀၁၈)ခုနှစ် China Daily သတင်းစာမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။
အဆိုပါဓာတ်ပုံတွေကို ယင်းသတင်းစာရဲ့ တွစ်တာပေါ်မှာ တင်ခဲ့တာပါ။ ဒါပေမယ့် ပြည်သူအများစုက လုံခြုံရေးအထူးစီမံထားရမယ့် ရေခဲသေတ္တာရဲ့ Seal ဟာ ကျိုးပေါက်နေကြောင်း ထောက်ပြဝေဖန်မှုတွေ ရှိခဲ့တဲ့အတွက်၊ အဆိုပါဓာတ်ပုံတွေကို China Daily က တွစ်တာပေါ်ကနေ ဖျက်ချခဲ့ရပါတယ်။ ဒါပေမယ့် အမြဲစောင့်ကြည့်နေသူတွေကတော့ SS တွေ ယူခဲ့နိုင်ပါတယ်။
ဆိုရရင် ဗိုင်းရပ်စ်ဗီဇမျိုးကွဲပေါင်း (၁၅၀၀)ကျော်ကို အထူးတင်းကျပ်စွာ ထားရရှိရမှာဆိုပေမယ့် ပုံမှာမြင်ရတဲ့အတိုင်း သုတေသနပညာရှင် အမျိုးသမီးရဲ့ ညာဘက်မျက်လုံးအနီးက ရေခဲသေတ္တာရဲ့ တံခါးထောင့်မှာ ဆီးလ်ကျိုးပေါက်နေတာကို ထင်ရှားစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ (၂၀၁၈)ခုနှစ်ကတည်းက ဖြစ်ခဲ့တာပါ။ အများက ထောက်ပြမှ သက်ဆိုင်ရာ ဝန်ထမ်းတွေက ရိပ်မိခဲ့တာလား??
ရေခဲသေတ္တာရဲ့ လုံခြုံးဆီးလ်ကျိုးပေါက်နေကြောင်းကို တမင်သိသိကြီးနဲ့ အများပြည်သူ သတိထားမိအောင် China Daily က တမင်ပြုလုပ်ခဲ့တာလားဆိုတာ ကာယကံရှင်တွေပဲ သိမှာပါ။ သိရသလောက်ကတော့ အဲဒီလိုရေခဲသေတ္တာပေါင်းများစွာ Wuhan’s Institute of Virology မှာ ရှိနေပြီး၊ ဒီအထဲမှာ အခု ကိုဗစ်-၁၉ကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်လည်း ပါဝင်ပါတယ်။
အဆိုပါဓာတ်ပုံကို (၂၀၁၈)ခုနှစ် မတ်လ(၂၈)ရက်နေ့မှာ China Daily သတင်းစာက ၎င်းတို့တွစ်တာပေါ်မှာ တင်ခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့အပတ်တုန်းကလည်း အဆိုပါသတင်းစာရဲ့ ဖော်ပြချက်မှာ တရုတ်တွေဟာ ယူနန်နဲ့ မိုင်(၁၀၀၀)လောက်အဝေးက ဖမ်းဆီးလာတဲ့ ဂူအောင်းလင်းနို့တွေကို အမေရိကန်ရဲ့ထောက်ပံ့မှုနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို အမာခံစစ်ဆေးခဲ့တာဖြစ်ကြောင်း၊ ဒီအတွက် အမေရိကန်အစိုးရ ဒေါ်လာ (၃.၇)သန်းအထိ ထောက်ပံ့ခဲ့ကြောင်း ဖော်ထုတ်ရေးသားခဲ့ပါတယ်။
ကိုဗစ်-၁၉ရဲ့မျိုးဗီဇဟာ အဆိုပါဂူများမှာခိုအောင်းနေတဲ့ လင်းနို့တွေမှာတွေ့ရနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ကန်ဘက်ကတော့ ဒီရေးသားမှု ဟုတ်မဟုတ်ကို ဖြေရှင်းမထားသော်လည်း၊ ဒီမတိုင်ခင်ကတော့ ဗိုင်းရပ်စ်တွေရဲ့သဘောသဘာဝတွေကို လေ့လာဖို့ ပညာရှင်တွေကို ရံပုံငွေထောက်ပံ့ပြီး၊ လေ့လာရေးအတွက် ကွင်းဆင်းထားစေခဲ့ကြောင်း တရုတ်ဘက်က အခိုင်အမာ ပြောခဲ့တာပါ။
သမ္မတထရမ့်က ဒီလို ကတိပေးလိုက်ခြင်းအားဖြင့် အမေရိကန်ဟာ ဝူဟန်ဓာတ်ခွဲခန်းကို ယခင်က ထောက်ပံ့မှုတွေ ကူညီမှုတွေ လုပ်ခဲ့တယ်ဆိုတာ မြင်သာစေမှာပါ။ အမည်ဖော်ပြထားခြင်းမရှိတဲ့ ပညာရှင်တစ်ဦးကတော့ အခုအချိန် အပြန်အလှန်စွပ်စွဲပြောဆိုမှုတွေက အများအတွက် အကြိုးမရှိနိုင်ဘဲ၊ ဒီဖြစ်ရပ်မှာ ပြစ်မှုကျုူးလွန်သူနှစ်ဦးက သူပဲကိုယ်ပဲဆိုပြီး လက်ညှိုးထိုး လွှဲချနေတာနဲ့တူညီနေကြောင်း ထောက်ပြဝေဖန်ခဲ့ပါတယ်။
ဘာသာပြန်-လင်းဇော်ကို
Ref ; DailyMail