Tuesday 28 April 2020

ကပ်ရောဂါကြီးပြီးဆုံးသွားတဲ့အချိန်


ကပ်ကြီးပြီးသွားတဲ့အခါ ပြန်တွေ့ကြမယ် သူငယ်ချင်း
ခုတော့ မင်းရော ငါရော ကမ္ဘာကြီးရော အနားယူကြတာပေါ့။
ထင်သလိုဖြစ်မလာတဲ့ နွေဦးတစ်ခုပေမယ့် ဒီနွေဦးကို ငါတို့အကောင်းဆုံး ကျော်ဖြတ်ကြရမှာပဲ။
ကံဆိုးလိုက်တာလို့ ညည်းနေမယ့်အစား မိသားစုနဲ့အတူ ရက်ကြာကြာ နေခွင့်ရတာကို တန်ဖိုးထားဖို့၊
ရက်စက်လိုက်တာလို့ ညည်းနေမယ့်အစား လူသားဆန်မှုတွေကို ကိုယ်တတ်နိုင်သလောက် မျှဝေဖေးကူပေးဖို့၊
အစားအသောက်ရှားပါးလိုက်တာလို့ ညည်းနေမယ့်အစား ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ရင်း စားနပ်ရိက္ခာ ငတ်မွတ်နေသူတွေကို ကိုယ်ချင်းစာတတ်ဖို့
ဒါတွေဟာ ဒီရောဂါပိုးကြီးက ယူဆောင်လာပေးတဲ့ သင်ခန်းစာတွေပေါ့။
ကမ္ဘာမြေမိခင်ကြီး စိတ်ဆိုးနေတုန်း ငါတို့တွေ လိမ်လိမ်မာမာနေမှဖြစ်မယ် သူငယ်ချင်းရေ
လက်ကိုပုံမှန်ဆေးပါ အစာအာဟာရပြည့်ဝအောင်စားပါ အိပ်ရေးဝဝအိပ်ပါ ကိုယ်ခံအားကောင်းအောင်နေပါ တတ်နိုင်သမျှ အိမ်ထဲ မှာပဲနေပါ
ဒီထက်တော့ ဘာမှပိုမတတ်နိုင်တော့ပေမယ့် ဒီလိုပြောခွင့်ရဖို့ နားထောင်ပေးမယ့်သူ ရှိနေတာကိုပဲ ကိုယ့်မှာ ကျေနပ်ရတာပါ။
ဒီမိုးကောင်းကင်အောက်မှာ ကိုယ်တို့လို ဘဝတူတွေလည်း အများကြီးပဲမဟုတ်လား။
မကြောက်နဲ့နော်သူငယ်ချင်း ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ပါ။
မစိုးရိမ်နဲ့နော် သူငယ်ချင်း တစ်ကမ္ဘာလုံးအတူတူ ဒီရောဂါကြီးကို အတူရင်ဆိုင်ကြမှာ။
အားမငယ်နဲ့နော် သူငယ်ချင်း တိုက်ပွဲကခုမှစတာ။
ဒီကပ်ကြီးပြီးတဲ့အခါ ငါတို့ အရင်လိုပဲ လမ်းတွေအတူထွက်လျှောက်ကြဦးမှာ…
ငါတို့အရင်လိုပဲ ခရီးတွေ အတူထွက်ကြဦးမှာ.
ကပ်ကြီးပြီးတဲ့အထိ ကျန်းကျန်းမာမာ အသက်ရှည်ရှည်နေပေးပါ သူငယ်ချင်း
အဲ့ဒီ အချိန်ကျ တို့အတူတူ ကမ္ဘာမြေကြီးရဲ့ အလှဆုံးပန်းတွေဖူးပွင့်လာတာကို တို့အတူ သွားကြည့်ကြရအောင်ပါ။
Credit
လေးစားစွာဖြင့် #ဘဝမှစာမေဦး

No comments:

Post a Comment