Tuesday 28 April 2020

ဝူဟန်ဓာတ်ခွဲခန်းမှ ဗိုင်းရပ်စ်(၁၅၀၀)ရှိတဲ့ ရေခဲသေတ္တာ၊ လုံခြုံရေးကျိုးပေါက်နေတဲ့ပုံများ ပေါ်ထွက်လာ

အာရှအကြီးဆုံးဗိုင်းရပ်စ်ဘဏ်လို့ ဆိုနေကြတဲ့ Wuhan’s Institute of Virology မှ ဗိုင်းရပ်စ်ဗီဇမျိုးကွဲ (၁၅၀၀)ကို သိမ်းဆည်းထားတဲ့ ရေခဲသေတ္တာရဲ့ Seal ကျိုးပေါက်နေကြောင်း ဓာတ်ပုံသက်သေတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တကယ်က ဒီဓာတ်ပုံတွေဟာ လွန်ခဲ့တဲ့ (၂၀၁၈)ခုနှစ် China Daily သတင်းစာမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။

အဆိုပါဓာတ်ပုံတွေကို ယင်းသတင်းစာရဲ့ တွစ်တာပေါ်မှာ တင်ခဲ့တာပါ။ ဒါပေမယ့် ပြည်သူအများစုက လုံခြုံရေးအထူးစီမံထားရမယ့် ရေခဲသေတ္တာရဲ့ Seal ဟာ ကျိုးပေါက်နေကြောင်း ထောက်ပြဝေဖန်မှုတွေ ရှိခဲ့တဲ့အတွက်၊ အဆိုပါဓာတ်ပုံတွေကို China Daily က တွစ်တာပေါ်ကနေ ဖျက်ချခဲ့ရပါတယ်။ ဒါပေမယ့် အမြဲစောင့်ကြည့်နေသူတွေကတော့ SS တွေ ယူခဲ့နိုင်ပါတယ်။

ဆိုရရင် ဗိုင်းရပ်စ်ဗီဇမျိုးကွဲပေါင်း (၁၅၀၀)ကျော်ကို အထူးတင်းကျပ်စွာ ထားရရှိရမှာဆိုပေမယ့် ပုံမှာမြင်ရတဲ့အတိုင်း သုတေသနပညာရှင် အမျိုးသမီးရဲ့ ညာဘက်မျက်လုံးအနီးက ရေခဲသေတ္တာရဲ့ တံခါးထောင့်မှာ ဆီးလ်ကျိုးပေါက်နေတာကို ထင်ရှားစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ (၂၀၁၈)ခုနှစ်ကတည်းက ဖြစ်ခဲ့တာပါ။ အများက ထောက်ပြမှ သက်ဆိုင်ရာ ဝန်ထမ်းတွေက ရိပ်မိခဲ့တာလား??
ရေခဲသေတ္တာရဲ့ လုံခြုံးဆီးလ်ကျိုးပေါက်နေကြောင်းကို တမင်သိသိကြီးနဲ့ အများပြည်သူ သတိထားမိအောင် China Daily က တမင်ပြုလုပ်ခဲ့တာလားဆိုတာ ကာယကံရှင်တွေပဲ သိမှာပါ။ သိရသလောက်ကတော့ အဲဒီလိုရေခဲသေတ္တာပေါင်းများစွာ Wuhan’s Institute of Virology မှာ ရှိနေပြီး၊ ဒီအထဲမှာ အခု ကိုဗစ်-၁၉ကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်လည်း ပါဝင်ပါတယ်။
အဆိုပါဓာတ်ပုံကို (၂၀၁၈)ခုနှစ် မတ်လ(၂၈)ရက်နေ့မှာ China Daily သတင်းစာက ၎င်းတို့တွစ်တာပေါ်မှာ တင်ခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့အပတ်တုန်းကလည်း အဆိုပါသတင်းစာရဲ့ ဖော်ပြချက်မှာ တရုတ်တွေဟာ ယူနန်နဲ့ မိုင်(၁၀၀၀)လောက်အဝေးက ဖမ်းဆီးလာတဲ့ ဂူအောင်းလင်းနို့တွေကို အမေရိကန်ရဲ့ထောက်ပံ့မှုနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို အမာခံစစ်ဆေးခဲ့တာဖြစ်ကြောင်း၊ ဒီအတွက် အမေရိကန်အစိုးရ ဒေါ်လာ (၃.၇)သန်းအထိ ထောက်ပံ့ခဲ့ကြောင်း ဖော်ထုတ်ရေးသားခဲ့ပါတယ်။

ကိုဗစ်-၁၉ရဲ့မျိုးဗီဇဟာ အဆိုပါဂူများမှာခိုအောင်းနေတဲ့ လင်းနို့တွေမှာတွေ့ရနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ကန်ဘက်ကတော့ ဒီရေးသားမှု ဟုတ်မဟုတ်ကို ဖြေရှင်းမထားသော်လည်း၊ ဒီမတိုင်ခင်ကတော့ ဗိုင်းရပ်စ်တွေရဲ့သဘောသဘာဝတွေကို လေ့လာဖို့ ပညာရှင်တွေကို ရံပုံငွေထောက်ပံ့ပြီး၊ လေ့လာရေးအတွက် ကွင်းဆင်းထားစေခဲ့ကြောင်း တရုတ်ဘက်က အခိုင်အမာ ပြောခဲ့တာပါ။

အခု လုံခြုံရေးဆီးလ်ကျိုးပေါက်နေတဲ့ ရေခဲ့သေတ္တာဓာတ်ပုံတွေနဲ့ ပတ်သက်လို့ ဒေါ်နယ်ထရမ့်က ” ဒီလို ဆိုးရွားလွန်းတဲ့အခြေအနေကို စေ့စေ့စပ်စပ်ဖြစ်အောင် ဆန်းစစ်နေပါတယ် “လို့ တုန့်ပြန်ခဲ့ပါတယ်။ နောက်ပြီး သမ္မတထရမ့်က သူတို့အနေနဲ့ ဝူဟန်ဓာတ်ခွဲခန်းကို ရံပုံငွေပိုင်းဆိုင်ရာ ထောက်ပံ့မှုရပ်ဆိုင်းတော့မယ်လို့ သောကြာနေ့က ကတိပေးခဲ့ပါတယ်။

သမ္မတထရမ့်က ဒီလို ကတိပေးလိုက်ခြင်းအားဖြင့် အမေရိကန်ဟာ ဝူဟန်ဓာတ်ခွဲခန်းကို ယခင်က ထောက်ပံ့မှုတွေ ကူညီမှုတွေ လုပ်ခဲ့တယ်ဆိုတာ မြင်သာစေမှာပါ။ အမည်ဖော်ပြထားခြင်းမရှိတဲ့ ပညာရှင်တစ်ဦးကတော့ အခုအချိန် အပြန်အလှန်စွပ်စွဲပြောဆိုမှုတွေက အများအတွက် အကြိုးမရှိနိုင်ဘဲ၊ ဒီဖြစ်ရပ်မှာ ပြစ်မှုကျုူးလွန်သူနှစ်ဦးက သူပဲကိုယ်ပဲဆိုပြီး လက်ညှိုးထိုး လွှဲချနေတာနဲ့တူညီနေကြောင်း ထောက်ပြဝေဖန်ခဲ့ပါတယ်။

ဘာသာပြန်-လင်းဇော်ကို

Ref ; DailyMail

ကပ်ရောဂါကြီးပြီးဆုံးသွားတဲ့အချိန်


ကပ်ကြီးပြီးသွားတဲ့အခါ ပြန်တွေ့ကြမယ် သူငယ်ချင်း
ခုတော့ မင်းရော ငါရော ကမ္ဘာကြီးရော အနားယူကြတာပေါ့။
ထင်သလိုဖြစ်မလာတဲ့ နွေဦးတစ်ခုပေမယ့် ဒီနွေဦးကို ငါတို့အကောင်းဆုံး ကျော်ဖြတ်ကြရမှာပဲ။
ကံဆိုးလိုက်တာလို့ ညည်းနေမယ့်အစား မိသားစုနဲ့အတူ ရက်ကြာကြာ နေခွင့်ရတာကို တန်ဖိုးထားဖို့၊
ရက်စက်လိုက်တာလို့ ညည်းနေမယ့်အစား လူသားဆန်မှုတွေကို ကိုယ်တတ်နိုင်သလောက် မျှဝေဖေးကူပေးဖို့၊
အစားအသောက်ရှားပါးလိုက်တာလို့ ညည်းနေမယ့်အစား ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ရင်း စားနပ်ရိက္ခာ ငတ်မွတ်နေသူတွေကို ကိုယ်ချင်းစာတတ်ဖို့
ဒါတွေဟာ ဒီရောဂါပိုးကြီးက ယူဆောင်လာပေးတဲ့ သင်ခန်းစာတွေပေါ့။
ကမ္ဘာမြေမိခင်ကြီး စိတ်ဆိုးနေတုန်း ငါတို့တွေ လိမ်လိမ်မာမာနေမှဖြစ်မယ် သူငယ်ချင်းရေ
လက်ကိုပုံမှန်ဆေးပါ အစာအာဟာရပြည့်ဝအောင်စားပါ အိပ်ရေးဝဝအိပ်ပါ ကိုယ်ခံအားကောင်းအောင်နေပါ တတ်နိုင်သမျှ အိမ်ထဲ မှာပဲနေပါ
ဒီထက်တော့ ဘာမှပိုမတတ်နိုင်တော့ပေမယ့် ဒီလိုပြောခွင့်ရဖို့ နားထောင်ပေးမယ့်သူ ရှိနေတာကိုပဲ ကိုယ့်မှာ ကျေနပ်ရတာပါ။
ဒီမိုးကောင်းကင်အောက်မှာ ကိုယ်တို့လို ဘဝတူတွေလည်း အများကြီးပဲမဟုတ်လား။
မကြောက်နဲ့နော်သူငယ်ချင်း ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ပါ။
မစိုးရိမ်နဲ့နော် သူငယ်ချင်း တစ်ကမ္ဘာလုံးအတူတူ ဒီရောဂါကြီးကို အတူရင်ဆိုင်ကြမှာ။
အားမငယ်နဲ့နော် သူငယ်ချင်း တိုက်ပွဲကခုမှစတာ။
ဒီကပ်ကြီးပြီးတဲ့အခါ ငါတို့ အရင်လိုပဲ လမ်းတွေအတူထွက်လျှောက်ကြဦးမှာ…
ငါတို့အရင်လိုပဲ ခရီးတွေ အတူထွက်ကြဦးမှာ.
ကပ်ကြီးပြီးတဲ့အထိ ကျန်းကျန်းမာမာ အသက်ရှည်ရှည်နေပေးပါ သူငယ်ချင်း
အဲ့ဒီ အချိန်ကျ တို့အတူတူ ကမ္ဘာမြေကြီးရဲ့ အလှဆုံးပန်းတွေဖူးပွင့်လာတာကို တို့အတူ သွားကြည့်ကြရအောင်ပါ။
Credit
လေးစားစွာဖြင့် #ဘဝမှစာမေဦး

မင်္ဂလာပါ

လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။